Friday, October 7, 2022
Monday, January 18, 2021
Tuesday, September 1, 2020
လှိုင်သာယာ လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း သို့ ကာကွယ်ဆေးများ လာရောက် လှူဒါန်း
၂၀၂၀ ဩဂုတ်လ ၃၁ ရက် သည် လှိုင်သာယာ ကုသိုလ်ဖြစ်ဆေးခန်း အတွက် တော့ ထူးကဲလှစွာ မင်္ဂလာ ရှိသော နေ့ဖြစ်ခဲ့ပါသည်။
KBZ MS General Insurance Company Limited က လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းကို ၄၈၈၈၈၀၀/ကျပ်တန်ဖိုးရှိသော Vaxigrip Tetra Flu caccine ( 2020 ) 126 လုံးနှင့် ကုမ္ပဏီ အမှတ်တံဆိပ်ပါ နှာခေါင်းစည်း ၁၂၆ ခုတို့ကို ဆေးခန်း တွင်လာရောက်ဆေးကုသမှူ ခံယူသော လူနာများတွင် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ပါသည်။
ကုမ္ပဏီ ကိုယ်စား အစ်မ ဒေါက်တာ နန်းခင်မေဖူး ( လူရည်ချွန် ၁၉၆၈၊၆၉၊၇၀၊၇၁၊၇၃ ) နှင့် ကုမ္ပဏီ ဝန်ထမ်း များ က ယာယီ တာဝန်ခံ ဆရာဝန် ဒေါက်တာမီမီလွင်နှင့် တာဝန်ကျ ဆရာဝန် အစ်မ ဒေါက်တာ ယုယု နှင့်အဖွဲ့ထံ လာရောက်လှူဒါန်းခဲ့ပါသည်။
ကာကွယ်ဆေးများ ပျက်စီးမှုမရှိရန် အအေးခဲများသုံး၍ ပေးအပ်လှူဒါန်းခြင်း၊ လက်ခံခြင်းပြုလုပ်ခဲ့ပါသည်။
ကာကွယ်ဆေးများ ဆက်လက်ထိန်းသိမ်းပေးထားရန် (လူရည်ချွန်)ဒေါက်တာ ခင်ရူပါစိုး က စီစဉ်ပေးခဲ့ပါသည်။
Covid -19 ကာလ ဖြစ်ပါ၍ အလှူရှင်များ ထံသို့ ရောဂါပိုးမွှား ကူးစက် သွားခြင်း မရှိစေရန် အကာအကွယ်များ ကိုပြင်ဆင် ပေးပြီးဝတ်ဆင်စေခဲ့ပါသည်။
ပြည့်စုံမှု အားနည်းလှသော ဆေးခန်း လာ လူနာ များ အတွက် စေတနာ ထက်သန်စွာ လှူဒါန်း ပေးပါသော KBZ MS General Insutance Company Limited ကို များစွာ ကျေးဇူးတင် ဝမ်းမြောက် ပါကြောင်း နှင့် လူရည်ချွန် (၆၄-၈၈) အဖွဲ့ က မှတ်တမ်းတင်ဂုဏ်ပြုပါသည် ရှင့်။
ဒေါက်တာမီမီလွင်
(ယာယီ ) တာဝန်ခံ ဆရာဝန်
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း ( လှိုင်သာယာ )
၁၉၆၄ -၈၈ လူရည်ချွန် ဗဟိုအဖွဲ့။
Tint Tintsent2 hours ago
KBZ MS General Insurance Company Limited မှ
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း(လှိုင်သာယာ)သို့
Vaxigrip Tetra Flu Vaccine
ကာကွယ်ဆေး(၁၂၆)လုံးနှင့်
KBZ MS logoပါ
နှာခေါင်းစည်း(၁၂၆)ခု
လှုဒါန်းပေးအပ်ပွဲကို
ယနေ့(၃၁/၈/၂၀၂၀)တနင်လာနေ့
နံနက်(၁၁:၀၀)နာရီ၌
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း(လှိုင်သာယာ)တွင် ကျင်းပခဲ့ပါသည်။
ဆေးအလှုရှင်များဖက်မှ
ဒေါက်တာနန်းခင်မေဖူး
(လူရည်ချွန်-
၆၈/၆၉/၇၀/၇၁/၇၃)နှင့်
KBZ MS Insuranceဝန်ထမ်းများတက်ရောက်ကြပြီး
ဆေးခန်းယာယီတာဝန်ခံဆရာဝန်ကြီး ဒေါက်တာမီမီလွင်နှင့်
တနင်လာနေ့ဆေးခန်းကုသိုလ်ပြုဆရာဝန်ဒေါက်တာယုယု တို့မှ လက်ခံရယူခဲ့ပါသည်။
အလှုရှင်နှင့်အဖွဲ့အား
လူရည်ချွန်ဆေးခန်းဘက်မှလည်း
ကိုဗစ်ကာကွယ်တားဆီးရေးအစီအမံများနှင့်အညီ
Face shieldများ
Capများ
Apronများနှင့်
Glovesများကိုစနစ်တကျဝတ်ဆင်လျက်လှုဒါန်းနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက်
KBZ MS Insurance Company Limited မှလှုဒါန်းသောကာကွယ်ဆေးများအား
လှိုင်သာယာဒေသန္တယဆေးခန်းရှိ ကာကွယ်ဆေးများထိန်းသိမ်းသိုလှောင်ရာဌာနသို့
ပို့ဆောင်အပ်နှံထိန်းသိမ်းထားရှိလျက်
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း
(လှိုင်သာယာ)တွင်
ကိုဗစ်ကာလအနေအထားနှင့် ချင့်ချိန်စီမံလျက်
ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား
တစ်ဆင့်ချင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
ယခုကဲသို့
လူရည်ချွန်အဖွဲ့ကြီး၏
ဆောင်ရွက်ချက်များအား
တတ်နိုင်သည့်ဖက်မှ
အစဉ်အမြဲမမေ့မလျော့
တတပ်တအား
ပါဝင်ကူညီလှုဒါန်းပေးပါသော
လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို)
နာယကကြီး ဦးညိုမြင့်နှင့်
မမဒေါက်တာနန်းခင်မေဖူးတို့အား၎င်း
KBZ MS Insurance Company Limitedအား၎င်း
လူရည်ချွန်မောင်နှမများကိုယ်စား
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့်
ဆက်လက်၍လည်း
ဆထက်တိုးလှုဒါန်းနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။
ဒေါက်တာမီမီလွင်
(ယာယီ ) တာဝန်ခံ ဆရာဝန်
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း ( လှိုင်သာယာ )
၁၉၆၄ -၈၈ လူရည်ချွန် ဗဟိုအဖွဲ့။
Saturday, June 6, 2020
Wednesday, June 3, 2020
Luyechuns from Old to New Generations
၂၀၁၄ နွေ ရာသီ လူရည် ချွန် စခန်း မသွား ခင် တွေ့ ဆုံပွဲ မှတ်တမ်း ကို ပြန် ကြည့် စေ ချင် ပါ သည်။ လွန်ခဲ့သော (၆) နှစ် က မှတ်တမ်း ပါ ။
လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ ကို (၅-၁-၂၀၁၄) တွင် စတင်ဖွဲ့စည်း ခဲ့ပါသည်။
Friday, January 10, 2020
လူရည်ချွန် ကုသိုလ်ဖြစ်ဆေးခန်း ၂၀၁၉ နိုဝင်ဘာ
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း၊ လှိုင်သာယာ ၏ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အတွက် ဆေးကုသမှုအခြေအနေမှာ
အထွေထွေရောဂါကုလူနာများကို
၂ ရက်နေ့ (စနေ) တွင် ၁၂၀ ဦး၊
၄ ရက်နေ့ (တနင်္လာ) တွင် ၂၇ ဦး၊
၇ ရက်နေ့ (ကြာသပတေး) တွင် ၈၂ ဦး၊
၁၆ ရက်နေ့ (စနေ) တွင် ၁၁၉ ဦး၊
၁၈ ရက်နေ့ (တနင်္လာ) တွင် ၄၂ ဦး၊
၂၃ ရက်နေ့ (စနေ) တွင် ၁၂၄ ဦး၊
၂၅ ရက်နေ့ (တနင်္လာ) တွင် ၁၄ ဦး နှင့်
၃၀ ရက်နေ့ (စနေ) တွင် ၁၃၈ ဦး ကုသပေးခဲ့ရာ
စုစုပေါင်း အထွေထွေရောဂါလူနာ ၆၆၆ ဦး ဆေးကုသမှု ခံယူခဲ့သည်။
အထွေထွေသမားတော်ကြီးနှင့် ပြသသူ လူနာများကို ကုသပေးခဲ့ရာ
၃ ရက်နေ့ (တနင်္ဂနွေ) တွင် ၂၇ ဦး ဆေးကုသမှုခံယူခဲ့သည်။
ခွဲစိတ်အထူးကု ဆရာဝန်ကြီး နှင့် ပြသသူ လူနာများကိုကုသပေးခဲ့ရာ
၂၄ ရက်နေ့ (တနင်္ဂနွေ) တွင် ၆ ဦး ဆေးကုသမှု ခံယူခဲ့သည်။
အဆုတ်နှင့်ရင်ခေါင်းရောဂါအထူးကုလူနာများကို
၇ ရက်နေ့ (ကြာသပတေး) တွင် ၁၀ ဦး နှင့်
၂၈ ရက်နေ့ (ကြာသပတေး) တွင် ၅ ဦး ကုသပေးခဲ့ရာ စုစုပေါင်း ၁၅ ဦး ဆေးကုသမှု ခံယူခဲ့သည်။
အရေပြားနှင့်ကာလသားရောဂါအထူးကုလူနာများကို
၁၄ ရက်နေ့ (ကြာသပတေး) တွင် ၃ ဦး နှင့်
၂၈ ရက်နေ့ (ကြာသပတေး) တွင် ၉ ဦး ကုသပေးခဲ့ရာ စုစုပေါင်း ၁၂ ဦး ဆေးကုသမှု ခံယူခဲ့သည်။
သားဖွားနှင့်မီးယပ်ရောဂါအထူးကုလူနာများကို
၁ ရက်နေ့ (သောကြာ) တွင် ၂ ဦး နှင့်
၂၉ ရက်နေ့ (သောကြာ) တွင် ၅ ဦး ကုသပေးခဲ့ရာ စုစုပေါင်း ၇ ဦး ဆေးကုသမှု ခံယူခဲ့သည်။
အထူးကု (ဓာတ်မှန်) ဆရာဝန်ကြီးနှင့် ultra sound ဓာတ်မှန်ဆိုင်ရာ စစ်ဆေးမှုခံယူသူ လူနာများကို စစ်ဆေးကုသပေးခဲ့ရာ
၁ ရက်နေ့ (သောကြာ) တွင် ၆ ဦး စစ်ဆေးကုသမှု ခံယူခဲ့သည်။
မျက်စိရောဂါအထူးကုဆရာဝန်နှင့် ပြသသူ လူနာများကို ကုသပေးခဲ့ရာ
၁၇ ရက်နေ့ (တနင်္ဂနွေ) တွင် ၁၉ ဦး ဆေးကုသမှုခံယူခဲ့သည်။
အရိုးအကြောအထူးကုဆရာဝန်ကြီးနှင့် ပြသသူ လူနာများကို ကုသပေးခဲ့ရာ
၂၇ ရက်နေ့ (ဗုဒ္ဓဟူး) တွင် ၄ ဦး ဆေးကုသမှုခံယူခဲ့သည်။
သို့ဖြစ်ပါ၍ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း လာရောက် ပြသ စစ်ဆေးခံ ကုသသူပေါင်းမှာ စုစုပေါင်း ၇၆၂ ဦး ဖြစ်ပါသည်။
စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းတွင် လူနာစုစုပေါင်း ၆၂၆၃၉ ဦးကို ကုသိုလ်ဖြစ်ကုသပေးခဲ့ပြီးဖြစ်ပါသည်။

Wednesday, November 13, 2019
Announcement on Formation of Luyechun Election Commission
ကြေညာချက်
နေ့စွဲ။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်။
ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဖွဲ့စည်းခြင်း
၁။ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ ၏ အလုပ်အမှုဆောင်အဖွဲ့သည် အဖွဲ့ဝင်အများစု၏ မဲဆန္ဒများ အရ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသူများဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ အခန်း (၆) အပုဒ်ခွဲ ၁၉ (က) တွင် ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ လာမည့် နှစ်ပတ်လည် သင်းလုံးကျွတ်ညီလာခံတွင် အလုပ်အမှုဆောင် အဖွဲ့သစ် တစ်ရပ်အား ရွေးချယ်တင်မြှောက်နိုင်ရန် ရွေးချယ်တင်မြှောက်ရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပေးရမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ အခန်း (၉) ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ အပုဒ်ခွဲ ၃၄ အရ၊ ၂၀၁၉ ခုနှစ် အလုပ်အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ရေး အတွက် ရွေးချယ်တင်မြှောက်ရေးကော်မရှင် အား အောက်ပါ အမှတ်စဉ် (၃) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။
၃။ ရွေးချယ်တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်များ
(က) Dr. ဦးဖေသက်ခင်
(ခ) ဦးသန်းမောင်
(ဂ) ဒေါ်မာရီလင်းအောင်ခင်
(ဃ) Dr. ဒေါ်မြတ်မွန်
(င) ဦးကိုကိုနိုင်
(စ) ဦးအမ်ဇော်အောင်
(ဆ) ဦးစိန်ထွေး
၄။ ဤကြေညာချက်ဖြင့် ယခင် ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ ကြေညာချက်များကို လွှမ်းမိုး ပယ်ဖျက်သည်။
အလုပ်အမှုဆောင်အဖွဲ့
လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့

Subscribe to:
Posts (Atom)
ဤလက်ကမ်းစာစောင်ကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို)၊ ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ စီစဉ်လမ်းညွှန်မှုအရ၊ လူရည်ချွန်မဂ္ဂဇင်းကော်မတီကတည...
1.jpg)
-
၂၀၁၄ နွေ ရာသီ လူရည် ချွန် စခန်း မသွား ခင် တွေ့ ဆုံပွဲ မှတ်တမ်း ကို ပြန် ကြည့် စေ ချင် ပါ သည်။ လွန်ခဲ့သော (၆) နှစ် က မှတ်တမ်း ပါ ။ လ...