ကြေညာချက်
နေ့စွဲ။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်။
ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဖွဲ့စည်းခြင်း
၁။ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ ၏ အလုပ်အမှုဆောင်အဖွဲ့သည် အဖွဲ့ဝင်အများစု၏ မဲဆန္ဒများ အရ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသူများဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ အခန်း (၆) အပုဒ်ခွဲ ၁၉ (က) တွင် ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ လာမည့် နှစ်ပတ်လည် သင်းလုံးကျွတ်ညီလာခံတွင် အလုပ်အမှုဆောင် အဖွဲ့သစ် တစ်ရပ်အား ရွေးချယ်တင်မြှောက်နိုင်ရန် ရွေးချယ်တင်မြှောက်ရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပေးရမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ အခန်း (၉) ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ အပုဒ်ခွဲ ၃၄ အရ၊ ၂၀၁၉ ခုနှစ် အလုပ်အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ရေး အတွက် ရွေးချယ်တင်မြှောက်ရေးကော်မရှင် အား အောက်ပါ အမှတ်စဉ် (၃) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။
၃။ ရွေးချယ်တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်များ
(က) Dr. ဦးဖေသက်ခင်
(ခ) ဦးသန်းမောင်
(ဂ) ဒေါ်မာရီလင်းအောင်ခင်
(ဃ) Dr. ဒေါ်မြတ်မွန်
(င) ဦးကိုကိုနိုင်
(စ) ဦးအမ်ဇော်အောင်
(ဆ) ဦးစိန်ထွေး
၄။ ဤကြေညာချက်ဖြင့် ယခင် ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ ကြေညာချက်များကို လွှမ်းမိုး ပယ်ဖျက်သည်။
အလုပ်အမှုဆောင်အဖွဲ့
လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့
Subscribe to:
Post Comments (Atom)
ဤလက်ကမ်းစာစောင်ကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို)၊ ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ စီစဉ်လမ်းညွှန်မှုအရ၊ လူရည်ချွန်မဂ္ဂဇင်းကော်မတီကတည...
1.jpg)
-
၂၀၁၄ နွေ ရာသီ လူရည် ချွန် စခန်း မသွား ခင် တွေ့ ဆုံပွဲ မှတ်တမ်း ကို ပြန် ကြည့် စေ ချင် ပါ သည်။ လွန်ခဲ့သော (၆) နှစ် က မှတ်တမ်း ပါ ။ လ...
No comments:
Post a Comment