***(၂၀၁၉) လူရည်ချွန် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး(ဆု) အတွက် လျှောက်လွှာ ခေါ်ယူခြင်း။***
(လျှောက်လွှာပိတ်ရက်
၁၅-၁၀-၂၀၁၉ အင်္ဂါနေ့)
×××××
လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ မှ လူရည်ချွန်တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး(ဆု) ကို ၂၀၁၅ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ပါသည်။
လျှောက်ထားသူများ အနက် အဖွဲ့မှနှစ်စဉ် (၅)ဦးချီးမြှင့်ခဲ့ပါသည်။
၂၀၁၉ခု နှစ်တွင်လည်း လူရည်ချွန်တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေး (ဆု) ၅ ဦး ချီးမြှင့်ပါမည်။
၎င်း(ဆု) အတွက်အဓိက မူ များ မှာ
### ၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန် ဆုရရှိသူဖြစ်ရပါမည်။ ၂၀၁၉ခုနှစ်
ဒသမတန်း အောင်မြင်သူ ဖြစ်ရပါမည်။
###တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန်အကူအညီ လိုအပ်သူ ဖြစ်ရပါမည်။
ခိုင်မာသောအထောက် အထား များ၊ထောက်ခံစာများ တင်ပြရပါမည်။ (သက်ဆိုင် ရာ
ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူး၊ခရိုင်ပညာရေးမှူးနှင့် တိုင်းပညာရေးမှူး
ထောက်ခံစာများ တင်ပြရပါမည်။)
### လျှောက်ထားရာတွင်အချက် အလက်များမှန်ကန်ကြောင်း ကာယကံရှင်နှင့် ကာယကံရှင် ၏ မိဘ/အုပ်ထိန်းသူ များမှ တာဝန်ခံ ရပါမည်။
###လျှောက်လွှာ များကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ရုံးခန်း
တွင်လာရောက်ထုတ်ယူနိုင် ပါသည်။ ရုံးခန်း ဖုံးနံပါတ် ၀၉၃၃၂၁၀၆၁၁ နှင့်
ပညာရေးကော်မတီ ဖုံးနံပါတ် ၀၉၂၅၄၀၄၂၃၅၆ တွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။
တနင်္လာနေ့ ရုံးခန်းပိတ်ပါသည်။
###လျှောက်လွှာ နှင့် လိုအပ်သော မူရင်း အထောက် အထားများကိုလူရည်ချွန်
(၁၉၆၄-၈၈)အဖွဲ့ ရုံးခန်း သို့လိပ်မူ ၍ စာတိုက်မှ အမြန်ချော ပို့ ဖြင့် ၁၅-၁၀-၂၀၁၉
ရက် အင်္ဂါနေ့ နောက်ဆုံးထားပေးပို့ ရပါမည်။
ရုံးခန်းသို့ လူကိုယ်တိုင် လာရောက်ပေးပို့ နိုင်ပါသည်။
###လျှောက်ထားသူတင်ပြချက်များကို
အဖွဲ့၏ အလုပ်အမှူဆောင် (ပညာရေးကော်မတီင်) များ၊
လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ဝင်များ၊မျိုးဆက်သစ်လူရည်ချွန်များ နှင့်
အခြားသင့်လျော်သော ပုဂ္ဂိုလ်များမှ တဆင့်စုံစမ်း အတည်ပြုပါမည်။
မှတ်ချက်။ ။ လူရည်ချွန်
တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး (ဆု) နှင့်ပါတ်သက် သော စည်းကမ်း မူ ဘောင်များ
ကို ပူးတွဲ တင်ပြပေးထားပါသည်။ စည်းကမ်းမူဘောင် ကို လေ့လာပြီး
ကိုက်ညီမှူရှိ၍လျှောက်ထားလိုသူ များအထက်တွင်ဖေါ်ပြပါ ရှိ သော ဖုံး
နံပါတ် ကို ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံနိုင်ပါသည်။
{{အလုပ်အမှူဆောင်အဖွဲ့
လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့}}
အမှတ် (၉၁) ပထမထပ်၊ အနော်ရထာလမ်း၊
၅၆ လမ်းတို ထောင့်၊
