Labels

Showing posts with label ACTIVITIES. Show all posts
Showing posts with label ACTIVITIES. Show all posts

Wednesday, November 13, 2019

Announcement on Formation of Luyechun Election Commission

ကြေညာချက်
             
နေ့စွဲ။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်။

   ရွေးချယ်တင်မြှောက်ရေး‌ကော်မရှင် ဖွဲ့စည်းခြင်း

၁။ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ ၏ အလုပ်အမှုဆောင်အဖွဲ့သည် အဖွဲ့ဝင်အများစု၏ မဲဆန္ဒများ အရ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသူများဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ အခန်း (၆) အပုဒ်ခွဲ ၁၉ (က) တွင် ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ လာမည့် နှစ်ပတ်လည် သင်းလုံးကျွတ်ညီလာခံတွင် အလုပ်အမှုဆောင် အဖွဲ့သစ် တစ်ရပ်အား ရွေးချယ်တင်မြှောက်နိုင်ရန် ရွေးချယ်တင်မြှောက်ရေး‌ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပေးရမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ အခန်း (၉) ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ အပုဒ်ခွဲ ၃၄ အရ၊ ၂၀၁၉ ခုနှစ် အလုပ်အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ရေး အတွက် ရွေးချယ်တင်မြှောက်ရေး‌ကော်မရှင် အား အောက်ပါ အမှတ်စဉ် (၃) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။

၃။ ရွေးချယ်တင်မြှောက်ရေး‌ကော်မရှင် အဖွဲ့ဝင်များ
(က) Dr. ဦးဖေသက်ခင်
(ခ)   ဦးသန်းမောင်
(ဂ)   ဒေါ်မာရီလင်းအောင်ခင်
(ဃ) Dr. ဒေါ်မြတ်မွန်
(င)   ဦးကိုကိုနိုင်
(စ)   ဦးအမ်ဇော်အောင်
(ဆ) ဦးစိန်ထွေး

၄။ ဤ‌‌ကြေညာချက်ဖြင့် ယခင် ရွေးချယ်တင်မြှောက်ရေး‌ကော်မရှင် ဖွဲ့စည်းခြင်း‌‌ဆိုင်ရာ ကြေညာချက်များကို လွှမ်းမိုး ပယ်ဖျက်သည်။

               အလုပ်အမှုဆောင်အ‌ဖွဲ့
          လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့

Tuesday, November 12, 2019

The DRAFT Organizational Charter of Luyechun (1964 - 88) Association (Central)

လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့၊ ၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည် သင်းလုံးကျွတ် ညီလာခံ တွင် တင်သွင်းမည့် လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ (ဗဟို) ၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း (မူကြမ်း) ကို အဖွဲ့ဝင်အများ ကြိုတင် ဖတ်ရှုနိုင်ရန် ဖော်ပြအပ်ပါသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း အခန်း ၁၀၊ အပိုဒ် ၃၅ အရ ညီလာခံသို့ တက်ရောက်သူ အဖွဲ့ဝင် ဦးရေ၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့် အတည်ပြုနိုင်ရန် ဖြစ်ပါသည်။














































Wednesday, October 23, 2019

လူရည်ချွန် နှစ်ပတ်လည်ညီလာခံ ၂၀၁၉

လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ ဝင်များသီု့ အသိပေး ဖိတ်ကြားလွှာ
ချစ်ခင်လေးစားစွာ အသိပေး အပ်ပါသည်။
အဖွဲ့ ၏ နှစ်ပတ်လည် သင်းလုံးကျွတ်ညီလာခံ ကို (၁၄-၁၂-၂၀၁၉) တွင်ကျင်းပ ရန် စီစဉ်ထားရှိပါသည်။
(၂၀၁၃) ခုနှစ်တွင် စတင် စုစည်း ခဲ့ သည် မှ အစ ပြု ကာ ၂၀၁၄ ဇန်နဝါရီ တွင် ရွှေရတု အကြို တွေ့ဆုံပွဲ မှသည် ယခု နှစ် တွင်(၆)ကြိမ် တိုင်ခဲ့ပါပြီ။
နံက်ခင်းတွေ့ ဆုံ စည်ဝေးပွဲ
အုပ်စု နှစ်လိုက် ဓါတ်ပုံ ရိုက်ကူးပွဲ
အမှု ဆောင်သစ်ရွေး ချယ်ပွဲ များ
ညစာစားပွဲ
ပဒေသာ  ကပွဲ  အငြိမ့်သဘင် စသည် တို့ ကိုဆောင်ရွက်နိုင်သည်သာ မက
အခြေခံ ပညာ အထက်တန်း တွင့် အမှတ် မြင့် မြင့် ရရှိ သော မျိုးဆက်သစ် လူရည်ချွန်များ ကို ဆုချီး မြှင့်ခြင်း
လူရည်ချွန် ကုသိုလ် ဖြစ်ဆေးခန်းတွင်
တာဝန်ထမ်းနေသော ဆရာဝန်ကြီး များကို ဂုဏ်ပြု ခြင်းစသည်ဖြင့် ဆောင်ရွက်ခဲ့ ကြပါသည်။
ယခု နှစ်တွင် လည်းဆောင်ရွက်ရန် စီစဉ် လျက်ရှိပါသည်။ ရွေး ကောက်ပွဲ ကော်မရှင် ကို လည်း နှစ်လည် စုံညီ အစည်းအဝေး တွင် တာဝန် ယူ ရွေးချယ်ပေးပြီး ဖြစ်ပါသည်။

(၂၀၁၉) သင်းလုံး ကျွတ် ညီ လာခံ ကို လည်း ဖိတ်ကြားလွှာ သီးသန့် ကြေငြာ မည် ဖြစ်ပါသည်။
ယခု စာ မှာ
၂၃-၁၀-၂၀၁၉ ရက်နေ့ က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသော အတွင်းရေးမှူး ဒေါက်တာ ကျော်စိုးလင်း
တွဲ ဘက် အတွင်းရေးမှူး ဒေါက်တာ မီမီလွင်
ဘဏ္ဍာ ရေးမှူး ဒေါ် သန်းသန်းဝင်း
အဖွဲ့ဝင်ဒေါ် နှင်းနှင်းယု တို့ အဖွဲ့ ၏ ရရှိလာသော အချက်အလက်များ အပေါ် အခြေခံ လျက် ယခု ကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ပါသည်။
ပထမဆုံး အကြိမ် က Eleven media မှ သုံးထပ်ကွမ်း လူရည်ချွန် ဒေါက်တာ သန်းထွဋ် အောင် တစ်ဦးတည်းမှ ညစာစားပွဲ ကို တစ်ဦးတည်းတာဝန် ယူခဲ့သည့် အစဉ်အလာ ရှိခဲ့သဖြင့် ယခု နှစ် ရံပုံ ငွေ လို အပ် ချက် ကို ဖြည့်ဆည်းရန် အတွက် ကူညီ ပေးကြစေလိုပါသည်။
အများ အကျိုး ဆောင်ရွက် ဘို့
လူရည်ချွန် များ စု စည်းစို့။







Wednesday, May 22, 2019

ဤလက်ကမ်းစာစောင်ကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို)၊  ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ စီစဉ်လမ်းညွှန်မှုအရ၊  လူရည်ချွန်မဂ္ဂဇင်းကော်မတီကတည...