လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း၏
ပြည်သူ့အကျိုးပြုအစီအစဉ်"
* * * * * * * * * * * * * * * * * * * * *
"အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုးအခမဲ့စစ်ဆေးသည့်အခမ်းအနား"
* * * * * * * * * * * * * * * * * * * * * * * * * * * * * *
ပြည်သူတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုတစ်ထောင့်တစ်နေရာကနေ
ပါဝင်ကူညီစောင့်ရှောက်ပေးနေတဲ့"လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း"
ရဲ့မကြာမီရက်အတွင်းမှာ ဆောင်ရွက်ပေးမှာဖြစ်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းလေးတစ်ခုအကြောင်းကို
အစီရင်ခံ ကြေညာပါရစေ . . .
အသည်းရောင်အသားဝါ
ဘီပိုးနဲ့စီပိုး ( Hepatitis
B & C) အခမဲ့ စစ်ဆေးပေးမယ့် အစီအစဉ်ပါ။
နေ့ရက်
၁၈/၆/၂၀၁၉ အင်္ဂါနေ့အချိန် နံနက် ဝ၉ း ဝဝ နာရီက နေ့လည် ၁၂ း ဝဝ နာရီ အတွင်းနေရာ
လှိုင်သာယာမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ သခင်မြလမ်း၊
"သဟပုညကာရီဓမ္မာရုံ"မှာ ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူ
မည်သူမဆို လာရောက်စစ်ဆေးခံနိုင်ပါတယ်။
နေ့စဉ်
(အဂင်္ါနေ့မှအပ) နံနက် ဝ၉းဝဝ နာရီက နေ့လည် ၁၂ း ဝဝ နာရီအတွင်း လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း၊
{အမှတ် (၁၀၁- အခန်း ၂/ဘီ)၊ ချင်စုလမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာ}ကို လူကိုယ်တိုင် လာရောက်လို့ဖြစ်စေ၊
ဆေးခန်းဖုန်း ဝ၉ ၂၅ ၄၆ ၃၆ ၄၆၈ ကို ဆက်သွယ်လို့ဖြစ်စေ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
ကြိုတင်စာရင်းပေးမထားပေမဲ့
စစ်ဆေးတဲ့နေ့ရောက်မှ စစ်ဆေးတဲ့ နေရာကို အစစ်ဆေးခံလိုလို့ ရောက်လာသူများရှိရင်လည်း
ပစ္စည်းအပိုနဲ့ အချိန်ပို ရှိနေမှုအပေါ်မူတည်ပြီး စစ်ဆေးပေးမှာဖြစ်ပါတယ်။
ဘီပိုး
စီပိုး ရှိနေကြောင်း တွေ့ရှိသူများကို လူရည်ချွန်ကုသိုလ်ဖြစ် ဆေးခန်းမှာ အတည်ပြုသွေးစစ်ဆေးမှုတွေ
ဆက်လုပ်ပေးမှာဖြစ်ပြီး လိုအပ်သူများကို "လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း"နဲ့
"ကုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး(ရန်ကုန်)"၊ "အသည်း၊ သည်းခြေလမ်းကြောင်း နှင့်ပန်ကရိယခွဲစိတ်ကုဌာန" တို့ ပူးပေါင်းဆောင်ရွက်နေတဲ့
"အသည်းကင်ဆာစောင့်ကြည့်အစီအစဉ်"မှာ ထည့်သွင်းပြီး
ဆက်လက် စောင့်ကြည့် စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။
ဆေးခန်းနေရာလမ်းညွှန်မြေပုံ
(စကေးကိုက်မဟုတ်ပါ) နဲ့ သွေးစစ်ဆေး ပေးမဲ့ "သဟပုညကာရီဓမ္မာရုံ" ရဲ့ လမ်းညွှန်မြေပုံ(စကေးကိုက်မဟုတ်ပါ)
တို့ကို ပူးတွဲတင်ပြထားပါတယ်။
လေးစားစွာ
ဒေါက်တာခင်မောင်ထွေး
တာဝန်ခံဆရာဝန်
လုရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း
လှိုင်သာယာ
No comments:
Post a Comment