Tuesday, September 1, 2020

လှိုင်သာယာ လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း သို့ ကာကွယ်ဆေးများ လာရောက် လှူဒါန်း

 ၂၀၂၀ ဩဂုတ်လ ၃၁ ရက် သည် လှိုင်သာယာ ကုသိုလ်ဖြစ်ဆေးခန်း အတွက် တော့ ထူးကဲလှစွာ မင်္ဂလာ ရှိသော နေ့ဖြစ်ခဲ့ပါသည်။

KBZ MS General Insurance Company Limited က လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းကို ၄၈၈၈၈၀၀/ကျပ်တန်ဖိုးရှိသော Vaxigrip Tetra Flu caccine ( 2020 ) 126 လုံးနှင့် ကုမ္ပဏီ အမှတ်တံဆိပ်ပါ နှာခေါင်းစည်း ၁၂၆ ခုတို့ကို ဆေးခန်း တွင်လာရောက်ဆေးကုသမှူ ခံယူသော လူနာများတွင် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ပါသည်။
ကုမ္ပဏီ ကိုယ်စား အစ်မ ဒေါက်တာ နန်းခင်မေဖူး ( လူရည်ချွန် ၁၉၆၈၊၆၉၊၇၀၊၇၁၊၇၃ ) နှင့် ကုမ္ပဏီ ဝန်ထမ်း များ က ယာယီ တာဝန်ခံ ဆရာဝန် ဒေါက်တာမီမီလွင်နှင့် တာဝန်ကျ ဆရာဝန် အစ်မ ဒေါက်တာ ယုယု နှင့်အဖွဲ့ထံ လာရောက်လှူဒါန်းခဲ့ပါသည်။ ကာကွယ်ဆေးများ ပျက်စီးမှုမရှိရန် အအေးခဲများသုံး၍ ပေးအပ်လှူဒါန်းခြင်း၊ လက်ခံခြင်းပြုလုပ်ခဲ့ပါသည်။ ကာကွယ်ဆေးများ ဆက်လက်ထိန်းသိမ်းပေးထားရန် (လူရည်ချွန်)ဒေါက်တာ ခင်ရူပါစိုး က စီစဉ်ပေးခဲ့ပါသည်။
Covid -19 ကာလ ဖြစ်ပါ၍ အလှူရှင်များ ထံသို့ ရောဂါပိုးမွှား ကူးစက် သွားခြင်း မရှိစေရန် အကာအကွယ်များ ကိုပြင်ဆင် ပေးပြီးဝတ်ဆင်စေခဲ့ပါသည်။
ပြည့်စုံမှု အားနည်းလှသော ဆေးခန်း လာ လူနာ များ အတွက် စေတနာ ထက်သန်စွာ လှူဒါန်း ပေးပါသော KBZ MS General Insutance Company Limited ကို များစွာ ကျေးဇူးတင် ဝမ်းမြောက် ပါကြောင်း နှင့် လူရည်ချွန် (၆၄-၈၈) အဖွဲ့ က မှတ်တမ်းတင်ဂုဏ်ပြုပါသည် ရှင့်။
ဒေါက်တာမီမီလွင် (ယာယီ ) တာဝန်ခံ ဆရာဝန် လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း ( လှိုင်သာယာ ) ၁၉၆၄ -၈၈ လူရည်ချွန် ဗဟိုအဖွဲ့။

Tint Tint
sent
2 hours ago

KBZ MS General Insurance Company Limited မှ
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း(လှိုင်သာယာ)သို့
Vaxigrip Tetra Flu Vaccine ကာကွယ်ဆေး(၁၂၆)လုံးနှင့် KBZ MS logoပါ နှာခေါင်းစည်း(၁၂၆)ခု လှုဒါန်းပေးအပ်ပွဲကို
ယနေ့(၃၁/၈/၂၀၂၀)တနင်လာနေ့ နံနက်(၁၁:၀၀)နာရီ၌ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း(လှိုင်သာယာ)တွင် ကျင်းပခဲ့ပါသည်။
ဆေးအလှုရှင်များဖက်မှ ဒေါက်တာနန်းခင်မေဖူး (လူရည်ချွန်- ၆၈/၆၉/၇၀/၇၁/၇၃)နှင့် KBZ MS Insuranceဝန်ထမ်းများတက်ရောက်ကြပြီး
ဆေးခန်းယာယီတာဝန်ခံဆရာဝန်ကြီး ဒေါက်တာမီမီလွင်နှင့် တနင်လာနေ့ဆေးခန်းကုသိုလ်ပြုဆရာဝန်ဒေါက်တာယုယု တို့မှ လက်ခံရယူခဲ့ပါသည်။
အလှုရှင်နှင့်အဖွဲ့အား လူရည်ချွန်ဆေးခန်းဘက်မှလည်း ကိုဗစ်ကာကွယ်တားဆီးရေးအစီအမံများနှင့်အညီ Face shieldများ Capများ Apronများနှင့် Glovesများကိုစနစ်တကျဝတ်ဆင်လျက်လှုဒါန်းနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် KBZ MS Insurance Company Limited မှလှုဒါန်းသောကာကွယ်ဆေးများအား လှိုင်သာယာဒေသန္တယဆေးခန်းရှိ ကာကွယ်ဆေးများထိန်းသိမ်းသိုလှောင်ရာဌာနသို့ ပို့ဆောင်အပ်နှံထိန်းသိမ်းထားရှိလျက် လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း (လှိုင်သာယာ‌)တွင် ကိုဗစ်ကာလအနေအထားနှင့် ချင့်ချိန်စီမံလျက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား တစ်ဆင့်ချင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
ယခုကဲသို့ လူရည်ချွန်အဖွဲ့ကြီး၏ ဆောင်ရွက်ချက်များအား တတ်နိုင်သည့်ဖက်မှ အစဉ်အမြဲမမေ့မလျော့ တတပ်တအား ပါဝင်ကူညီလှုဒါန်းပေးပါသော လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို) နာယကကြီး ဦးညိုမြင့်နှင့် မမဒေါက်တာနန်းခင်မေဖူးတို့အား၎င်း
KBZ MS Insurance Company Limitedအား၎င်း
လူရည်ချွန်မောင်နှမများကိုယ်စား ‌အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် ဆက်လက်၍လည်း ဆထက်တိုးလှုဒါန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။
ဒေါက်တာမီမီလွင် (ယာယီ ) တာဝန်ခံ ဆရာဝန် လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း ( လှိုင်သာယာ ) ၁၉၆၄ -၈၈ လူရည်ချွန် ဗဟိုအဖွဲ့။














ဤလက်ကမ်းစာစောင်ကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို)၊  ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ စီစဉ်လမ်းညွှန်မှုအရ၊  လူရည်ချွန်မဂ္ဂဇင်းကော်မတီကတည...