Wednesday, September 18, 2019

Call for LYC Scholarship Applications

***(၂၀၁၉) လူရည်ချွန် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး(ဆု) အတွက် လျှောက်လွှာ ခေါ်ယူခြင်း။***


(လျှောက်လွှာပိတ်ရက်

၁၅-၁၀-၂၀၁၉  အင်္ဂါနေ့)

×××××
လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ မှ လူရည်ချွန်တက္ကသိုလ်ပညာသင်  ထောက်ပံ့ကြေး(ဆု) ကို ၂၀၁၅ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ပါသည်။
လျှောက်ထားသူများ အနက် အဖွဲ့မှနှစ်စဉ် (၅)ဦးချီးမြှင့်ခဲ့ပါသည်။ ၂၀၁၉ခု နှစ်တွင်လည်း လူရည်ချွန်တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေး (ဆု)  ၅ ဦး ချီးမြှင့်ပါမည်။

၎င်း(ဆု) အတွက်အဓိက မူ များ မှာ

### ၂၀၁၉ ခုနှစ် ဒသမတန်း လူရည်ချွန် ဆုရရှိသူဖြစ်ရပါမည်။ ၂၀၁၉ခုနှစ် ဒသမတန်း အောင်မြင်သူ  ဖြစ်ရပါမည်။

###တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန်အကူအညီ လိုအပ်သူ ဖြစ်ရပါမည်။ ခိုင်မာသောအထောက် အထား များ၊ထောက်ခံစာများ တင်ပြရပါမည်။ (သက်ဆိုင် ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ကြီး၊  မြို့နယ်ပညာရေးမှူး၊ခရိုင်ပညာရေးမှူးနှင့် တိုင်းပညာရေးမှူး ထောက်ခံစာများ တင်ပြရပါမည်။)

### လျှောက်ထားရာတွင်အချက် အလက်များမှန်ကန်ကြောင်း  ကာယကံရှင်နှင့် ကာယကံရှင် ၏ မိဘ/အုပ်ထိန်းသူ များမှ တာဝန်ခံ ရပါမည်။

###လျှောက်လွှာ များကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ရုံးခန်း တွင်လာရောက်ထုတ်ယူနိုင် ပါသည်။ ရုံးခန်း ဖုံးနံပါတ် ၀၉၃၃၂၁၀၆၁၁ နှင့် ပညာရေးကော်မတီ ဖုံးနံပါတ် ၀၉၂၅၄၀၄၂၃၅၆ တွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။ တနင်္လာနေ့ ရုံးခန်းပိတ်ပါသည်။

###လျှောက်လွှာ နှင့် လိုအပ်သော မူရင်း အထောက် အထားများကိုလူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ ရုံးခန်း သို့လိပ်မူ ၍ စာတိုက်မှ အမြန်ချော ပို့ ဖြင့် ၁၅-၁၀-၂၀၁၉ ရက် အင်္ဂါနေ့   နောက်ဆုံးထားပေးပို့ ရပါမည်။ ရုံးခန်းသို့ လူကိုယ်တိုင် လာရောက်ပေးပို့ နိုင်ပါသည်။
###လျှောက်ထားသူတင်ပြချက်များကို အဖွဲ့၏ အလုပ်အမှူ
ဆောင်    (ပညာရေးကော်မတီင်) များ၊ လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ဝင်များ၊မျိုးဆက်သစ်လူရည်ချွန်များ နှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များမှ တဆင့်စုံစမ်း အတည်ပြုပါမည်။
မှတ်ချက်။   ။ လူရည်ချွန် တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး (ဆု) နှင့်ပါတ်သက် သော စည်းကမ်း မူ ဘောင်များ ကို ပူးတွဲ တင်ပြပေးထားပါသည်။ စည်းကမ်းမူဘောင် ကို လေ့လာပြီး ကိုက်ညီမှူရှိ၍လျှောက်ထားလိုသူ များအထက်တွင်ဖေါ်ပြပါ ရှိ သော ဖုံး နံပါတ် ကို ဆက်သွယ်စုံစမ်း အကူအညီ တောင်းခံနိုင်ပါသည်။


{{အလုပ်အမှူဆောင်အဖွဲ့

လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့}}
အမှတ် (၉၁) ပထမထပ်၊ အနော်ရထာလမ်း၊

၅၆ လမ်းတို ထောင့်၊

(၂)ရပ်ကွက်၊ ပုဇွန်တောင်၊ ရန်ကုန်မြို့

Wednesday, September 4, 2019

Over Sixty Thousands Patients have been taken care at Luyechun Charity Clinic in the past five years

လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း၊ လှိုင်သာယာ ၏  ၂၀၁၉ ခုနှစ် သြဂုတ်လ အတွက် ဆေးကုသမှုအခြေအနေမှာ

အထွေထွေရောဂါကုလူနာများကို
၃ ရက်နေ့ (စနေ) တွင် ၁၃၀ ဦး၊
၅ ရက်နေ့ (တနင်္လာ) တွင် ၁၈ ဦး၊
၁၀ ရက်နေ့ (စနေ) တွင် ၁၂၃ ဦး၊
၁၇ ရက်နေ့ (စနေ) တွင် ၁၁၆ ဦး၊
၁၉ ရက်နေ့ (တနင်္လာ) တွင် ၄၂ ဦး၊
၂၄ရက်နေ့ (စနေ) တွင် ၁၂၇ ဦး
၂၆ ရက်နေ့ (တနင်္လာ) တွင် ၄၈ ဦး နှင့်
၃၁ ရက်နေ့ (စနေ) တွင် ၁၃၉ ဦး ကုသပေးခဲ့ရာ
စုစုပေါင်း အထွေထွေရောဂါလူနာ ၇၄၃ ဦး ဆေးကုသမှု ခံယူခဲ့သည်။

ခွဲစိတ်အထူးကု ဆရာဝန်ကြီး နှင့် ပြသသူ လူနာများကိုကုသပေးခဲ့ရာ
၁၁ ရက်နေ့ (တနင်္ဂနွေ) တွင် ၆ ဦး ဆေးကုသမှု ခံယူခဲ့သည်။

အဆုတ်နှင့်ရင်ခေါင်းရောဂါအထူးကုလူနာများကို ကုသပေးခဲ့ရာ
၁ ရက်နေ့ (ကြာသပတေး) တွင် ၆ ဦး ဆေးကုသမှု ခံယူခဲ့သည်။

အရေပြားနှင့်ကာလသားရောဂါအထူးကုလူနာများကို
၁ ရက်နေ့ (ကြာသပတေး) တွင် ၇ ဦး၊
၁၅ ရက်နေ့ (ကြာသပတေး) တွင် ၂ ဦး၊
၂၂ ရက်နေ့ (ကြာသပတေး) တွင် ၁၃ ဦး နှင့်
၂၉ ရက်နေ့ (ကြာသပတေး) တွင် ၁၀ ဦး ကုသပေးခဲ့ရာ စုစုပေါင်း ၃၂ ဦး ဆေးကုသမှု ခံယူခဲ့သည်။

သားဖွားနှင့်မီးယပ်ရောဂါအထူးကုလူနာများကို
၁ ရက်နေ့ (ကြာသပတေး) တွင် ၂ ဦး၊
၉ ရက်နေ့ (သောကြာ) တွင် ၂ ဦး၊
၁၅ ရက်နေ့ (ကြာသပတေး) တွင် ၄ ဦး၊
၂၃ ရက်နေ့ (သောကြာ) တွင် ၄ ဦး နှင့်
၂၉ ရက်နေ့ (ကြာသပတေး) တွင် ၃ ဦး
ကုသပေးခဲ့ရာ စုစုပေါင်း ၁၅ ဦး ဆေးကုသမှု ခံယူခဲ့သည်။

အထူးကု (ဓာတ်မှန်) ဆရာဝန်ကြီးနှင့် ultra sound ဓာတ်မှန်ဆိုင်ရာ စစ်ဆေးမှုခံယူသူ လူနာများကို
၃ ရက်နေ့ (စနေ) တွင် ၁၇ ဦး၊
၁၆ ရက်နေ့ (သောကြာ) တွင် ၇ ဦး၊
၁၇ ရက်နေ့ (စနေ) တွင် ၃၆ ဦး နှင့်
၃၀ ရက်နေ့ (သောကြာ) တွင် ၁၀ ဦး စစ်ဆေးကုသပေးခဲ့ရာ
စုစုပေါင်း ၇၀ ဦး ဆေးကုသမှု ခံယူခဲ့သည်။

မျက်စိရောဂါအထူးကုဆရာဝန်နှင့် ပြသသူ လူနာများကိုကုသပေးခဲ့ရာ
၁၈ ရက်နေ့ (တနင်္ဂနွေ) တွင် ၁၉ ဦး ဆေးကုသမှုခံယူခဲ့သည်။

သွား နှင့် ခံတွင်း ရောဂါအထူးကု ဆရာဝန်ကြီး နှင့် ပြသသူ လူနာများကိုကုသပေးခဲ့ရာ
၂၁ ရက်နေ့ (ဗုဒ္ဓဟူး) တွင် ၆ ဦး နှင့်
၂၈ ရက်နေ့ (ဗုဒ္ဓဟူး) တွင် ၅ ဦး ကုသပေးခဲ့ရာ စုစုပေါင်း ၁၁ ဦး ဆေးကုသမှုခံယူခဲ့သည်။

အရိုးအကြောအထူးကုဆရာဝန်ကြီးနှင့် ပြသသူ လူနာများကို ကုသပေးခဲ့ရာ
၁၄ ရက်နေ့ (ဗုဒ္ဓဟူး) တွင် ၆ ဦး ဆေးကုသမှုခံယူခဲ့သည်။

အထွေထွေရောဂါအထူးကု သမားတော်ကြီး နှင့် ပြသသူ လူနာများကိုကုသပေးခဲ့ရာ
၁၁ ရက်နေ့ (တနင်္ဂနွေ) တွင် ၂၆ ဦး ဆေးကုသမှုခံယူခဲ့သည်။

သို့ဖြစ်ပါ၍ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း လာရောက် ပြသ စစ်ဆေးခံ ကုသသူပေါင်းမှာ စုစုပေါင်း ၉၃၄ ဦး ဖြစ်ပါသည်။

စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ အထိ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းတွင် လူနာစုစုပေါင်း ၆၀၄၂၂ ဦးကို ကုသိုလ်ဖြစ်ကုသပေးခဲ့ပြီးဖြစ်ပါသည်။

ဤလက်ကမ်းစာစောင်ကို လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့(ဗဟို)၊  ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ စီစဉ်လမ်းညွှန်မှုအရ၊  လူရည်ချွန်မဂ္ဂဇင်းကော်မတီကတည...